Saturday, May 24, 2008

နာဂစ်လို မုန်တိုင်းများကို တားနည်း


မုန်တိုင်း နှင့် မိုး ရပ်ဆိုင်းသွားစေမည့်နည်း (NarGis - နာဂစ်)

ဧပြီလ 2ရက်နေ့ ဖြစ်ပွားခဲ့တဲ့ နာဂစ်အမည်ရှိ ဆိုက်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် အခြားသောမြို့များပါမကျန် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့တယ်လို့ ၀မ်းနည်းစွာ ကြားသိခဲ့ရသည်။ မြို့တော်ဟောင်း ရန်ကုန် အပါအ၀င် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့်အတူ အရေးပေါ် အခြေအနေ ကြေညာထားသည့် ဒေသငါးခုအနက် အပါအ၀င်ဖြစ်သော ဧရာဝတီတိုင်းသည် နာဂစ်ဒဏ်ကြောင့် အပျက်အစီးအများဆုံး၊ အခံရဆုံး ဖြစ်သည်။ ပျဉ်ထောင်အိမ်၊ တဲအိမ်များမှာ အပျက်စီးဒဏ် အခံရဆုံး ဖြစ်သည်။ ရန်ကုန်လိုပင် သစ်ပင်ကြီးများ ကျွတ်လဲသွားပြီး လူ ရာနှင့်ချီ၍ သေဆုံးသည်။ ထွက်ပေါ်လာသော သတင်းအရ ဧရာဝတီတိုင်းသည် ပျက်စီးမှုနှင့် လူအသေအပျောက် အများဆုံး ဖြစ်သည်။ ပြန်ကြားရေး ၀န်ကြီးဌာနကို အေအက်ဖ်ပီ သတင်းထောက် ဆက်သွယ်မေးမြန်းရာတွင်မူ ဧရာဝတီတိုင်းတွင် ၂၂၂ ဦး၊ ရန်ကုန်တွင် ၁၉ ဦး သေဆုံးကြောင်း ပြောကြားသည်ဟု သိရသည်။ လပ္ပတ္တာမြို့နယ်တွင် အဆောက်အအုံ ၇၅ ရာနှုန်း ပျက်စီးသွားပြီး အိမ် ၂၀ ရာနှုန်း အမိုးလန်ထွက်ကုန်ကြောင်း အစိုးရ ရုပ်သံက ကြေညာသည်။
ထိုသို့ဖြစ်ပေါ်မှုအပေါ် အခြားသော တိုင်းနိုင်ငံများမှ လူပုဂ္ဂိုလ်များ၊ ဆရာတော်ကြီးများသာမက နိုင်ငံအသီးသီးမှ နိုင်ငံအကြီးကဲများလည်း စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မကောင်းဖြစ်ဖွယ်များ ဖြစ်ပေါ်လျှက်ရှိနေကြသည်။
ယင်းသို့ ဖြစ်ပေါ်လျှက်ရှိသော မုန်တိုင်းဒဏ်များကို မည်သို့ ကာကွယ်မည် မည်သို့ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရမည်ကို မိမိအနေဖြင့် တတ်နိုင်သလောက် ၊ လက်လှမ်းမှီသလောက် ဖော်ပြပေးပါမည်။ မုန်တိုင်းဖြစ်ပြီးမှ ဖော်ပြနိုင်သည့်အတွက် အများ၏ ပြစ်တင်ဝေဖန်မှုကို ခံဆိုလျင်လည်း မိမိအနေဖြင့် ခံရပေမည်။ သို့သော်လည်း တတ်နိုင်သမျှ မိမိနိုင်ငံ၊ မိမိလူမျိုးကို မိမိတို့တတ်သိနားလည်သလောက်တော့ ကူညီကြရပေမည်မှာ လူသားတိုင်း၏ တာဝန်ပင်ဖြစ်ပေသည်။ မှန်းဆလို့ မရနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်သောကြောင့် မည်သို့မှ မှန်းဆမရနိုင်ကြပေ။ သို့အတွက် မည်သူ့ကိုမျှ မည်သည့်အရာကိုမျှ ပြစ်တင်ဝေဖန်ခြင်း မရှိကြစေဘဲ ဘုရားဟောတရားတော်များအတိုင်း မိမိတို့၏ ဘ၀များကို အေးချမ်းသော တရားတော်အရိပ်အောက်တွင် ခိုလှုံကြစေချင်ပါသည်။
ယခုမိမိဖော်ပြမည့် အကြောင်းအရာသည် ရှေးဆရာကြီးများ၏ သဘာဝ ဘေးအန္တရာယ်ကာကွယ်နည်းထဲမှ တစ်နည်းဖြစ်ပေသည်။ နည်းပညာတွေဖြင့် တိုးတက်နေသော ယနေ့ခေတ်တွင် ဂမ္ဘီရဆန်းကြယ် စိတ်နယ်လွန်ဖြစ်ရပ်များကို ဥပေက္ခာပြုထားလို့ မရနိုင်ပေ။ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် ယင်းပညာများကို ပစ်ပယ်မထားခဲ့ပါ။ ရှေးရဟန်းပညာရှိ၊ လူပညာရှိတို့သည် ဘယ်တော့မှ နောင်လာနောင်သားတို့၏ ဆိုးကျိုးကို မထားခဲ့။ ကောင်းကျိုးကိုသာ ထားခဲ့သည်ကို နားလည်စေချင်ပါသည်။ သည်နည်းသည် ဆိုးကျိုးတစ်ခုမှ မပါဝင်သည့်အတွက် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မိမိတို့ ဒေသတွင် ပြုလုပ်ထားစေချင်ပါသည်။ မုန်တိုင်းသည် ရန်ကုန်သို့ ပြီးစီသွားပြီဟု ထင်ရသော်လည်း မထင်မှတ်သည့်အချိန်၊ မထင်မှတ်သည့်နေရာ၊ မထင်မှတ်သည့် မြို့ရွာများသို့ ရောက်ရှိလာနိုင်သော အနေထားတွင်ရှိပါသည်။ နည်းပညာရှင်များ၊ ၀ါသနာရှင်များမှလည်း သည်နည်းကို မိမိတို့ လက်လှမ်းမှီသလောက် ကူညီဖြန့်ဝေရင်း မြတ်စိတ်ထားဖြင့် ကုသိုလ်ပွားကြပါလို့ တိုက်တွန်းအပ်ပါတယ်။ နောက်လည်း မီးဘေးအန္တရာယ်ကို မည်သို့ ကာကွယ်ရမည်၊ ငလျှင်ဒဏ်ကို မည်သို့ကာကွယ်ရမည် ဆိုသည့် ရှေးရှေးဆရာကြီးများနည်းကို လက်လှမ်းမှီသလောက် တင်ပြပေးပါမည်။


မိုးနှင့်မုန်တိုင်းရပ်ဆိုင်းသွားစေမည့် ၀လေးလုံးပိတ် မန္တန်တော်နှင့် စီရင်နည်း

ရှောင်ရန်
ခုမန္တန်တော်ကို အသုံးပြုရွှတ်ဖတ်မည့်သူသည် မိမိကိုယ်ကျိုးတွက် လုံးဝလုပ်ကိုင်ခြင်းမပြုရပါ။ ယင်းမန္တန်တော်ဖြင့် ဆောင်ရွက်ခြင်း၊ တားဆီးပိတ်ပင်ခြင်းပြုလုပ်သောအခါများတွင် လူသားများနှင့် သက်ရှိသတ္တ၀ါများ၏ အကျိုးစီးပွားကို ရှေးရှုယုံတင်မက ယင်းကို ပျက်စီးဆုံးရှုံးခြင်းမရှိစေရ။

အကျိုးလိုရာသုံး
လူသားများနှင့် သက်ရှိသတ္တ၀ါများ၏ အန္တရာယ်ကို ကာကွယ်ရန် အများအကျိုးရှေးရှုရန်၊ ဗုဒဘာသာတရားတော်အရ ဘာသာရေးပွဲများ၊ အလှူတန်းများ၊ တရားပွဲများတွင် သုံးစွဲကြရန်။

စီမံဆောင်ရွက်ပုံနည်းစနစ်
စီမံဆောင်ရွက်မည့်သူသည် ဦးစွာ ပထမ သရဏဂုံကို ပီသစွာ (3)ကြိမ်ရွတ်ဖတ်ပူဇော်ရမည်။ ထို့နောက် ၀လေးလုံးပိတ် မန္တန်ကို ရွတ်ဆိုပါ။ ပြီးလျှင်
(1) စနေထောင့် (အနောက်တောင်) ကိုမျက်နှာမူပြီး ညာဘက်လက်ညှိုးကို မျက်နှာမူရာ အရပ်ဌာန တည့်တည့်ကို ထိုးပြထားပြီး မန္တန်ကိုရွှတ်းပါ။ ထိုသို့ မန္တန်ကို ရွတ်ပြီးသောအခါ ဘယ်လက်ဖ၀ါးပေါ်သို့ ညာဘက်လက်ညှိုးဖြင့် သေးငယ်သော ၀လုံးသဏ္ဍန်ဆွဲပါ ထို့တူ -
(2) တနင်္ဂနွေထောင့် (ရှေ့မြောက်)
(3) အင်္ဂါထောင့် (အရှေ့တောင်)
(4) ရာဟုထောင့် (အနောက်မြောက်) နောက်ထောင့်တွေကိုလည်း ယင်းနည်းလို့လုပ်ပါ။




စတုထ္တအကြိမ်ပြီးသွားသောအခါ မန္တန်ကို (4)ကြိမ် (4)ခေါက် စပြီးမှ (7)ခေါက်ပြည့်သည်အထိ ကြွင်းနေသော 3ခေါက်အတွက် ညာဘက်လက်ညှိုးကို မိုးကောင်းကင်ပေါ်သို့ တည့်တည့်ထိုးထားပြီး ၀လေးလုံးပတ်မန္တန်ကို 3ခေါက်ပြည့်အောင်ရွတ်ဖတ်လိုက်ပါ။ ယင်းပါပေါင်းလျှင် 7ခေါက်ဖြစ်မည်။
ထိုသို့ ပြုလုပ်ပြီးသောအခါ စီမံပြုလုပ်နေသူသည် ဘယ်ညာလက်ဖ၀ါးနှစ်ဖက်ကို ဖြန့်ထားပြီး မိုးကောင်းကင်ကြီးကို ယင်းလက်ဖ၀ါးဖြင့် အပေါ်သို့ မြင့်သထက်မြင့်အောင် 3ကြိမ်တိတိ လုပ်ပေးရမည်။
မိုးကောင်းကင်ရှိ မိုးသားတိမ်တိုက်များဖြင့် မြင့်သထက်မြင့်အောင် (3)ကြိမ်မြှင့်ပေးပြီးသောအခါတွင် တဆက်တည်းညာဘက်လက်ညှိုးဖြင့် အနောက်တောင်အရပ် အောက်ခြေမှ နေပြီး ပစ္စည်းတစ်ခုကို ဓါးနှင့် ခွဲလိုက်ဘိသကဲ့သို့ မိုးသားကို လက်ညှိုးဖြင့် ထိုးပြီး အပေါ်ကို မခွဲလိုက်ရပါမည်။
ထိုသို့ ညာဖက်လက်ညှိုးဖြင့် ခွဲလိုက်သော မိုးသားနေရာကို ဘယ်လက်ညှိုးဖြင့်လည်း ယင်းကဲ့သို့ ပြုလုပရပါမည်။ ညာလက်ညှိုးဖြင့် စသောအမှတ်နေရာမှပင် ဘယ်လက်ညှိုးက ပြန်ပြီး ထိုကဲ့သို့ ပြုလုပ်ရမည်။
နောက်ဆုံးအနေဖြင့် နိမိတ်ပိုင်းခြားပြီး အာဏာထားရန်ဖြစ်သဖြင့် စီမံဆောင်ရွက်သူက မုန်တိုင်း၊ မိုး စသည်တို့ကို အရှေ့လားသော် မည်သည့်အရပ်၊ အနောက်လားသော်မည်သည့်အရပ် စသည့်ဖြင့် လေးရက်အတွင်းတွင် ယခုရွာရန်ပြင်ဆင်နေသော မိုးတို့သည် မိုးသးမိုးဖွဲမှ စပြီး လုံးဝရွာသွန်းခြင်း မဖြစ်စေရ။ တစ်ချိန်တည်းမှာပင် မိမိတို့ အလိုရှိသော အချိန်နာရီ လုံလောက်သော အချိန်နာရိတိတိကျကျကိုသာ တောင်းဆိုဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။
ဥပမာ...ယနေ့နံနက် ၅နာရီမှစတင်ပြီး ညနေ၅နာရီထိသာဟုတိကျစွာ အာဏာထားတောင်းဆိုရပါမည်။
စီမံဆောင်ရွက်သူသည် အောက်ပါအတိုင်းဆက်လက်ပြောဆိုရမည်....
ကျွန်ုပ်သည် သာသနာတော်ကြီး အကျိုးကို လိုလားသဖြင့် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်သည် သရဏဂုံသီလကို ဆောက်တည်ပြီးမှ ၀လေးလုံးပိတ် မန္တန်ကို ရွတ်ဖတ်ခြင်းဖြစ်ပါသည်။ သည်မှန်ကန်သော သစ္စာစကားတို့ကြောင့် မိုးနတ်မင်း၊ လေနတ်မင်း၊ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များနှင့် နတ်တို့သနှင်း သိကြားမင်း၊ ဗြဟ္မာမင်းတို့မှ ယခုပြုဖွယ်ကိစ္စအ၀၀ကို အောင်မြင်အောင် ဆောင်ရွက် ပေးကြပါကုန်။ သာသနာတော်စောင့် နတ်မင်းကြီးများနှင့် တန်ခိုးပြင်းထန်နတ်မင်းကြီးများမှ အထူးကူညီစောင့်ရှောက်ကြပါကုန်လော့။ သင်တို့လည်း မရရှိသေးသော တန်ခိုးသိဒိများနှင့် မဟဒိများ ရရှိကြပါစေ။ ကျွန်ုပ်ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့ကို အမျှပေးဝေပါ၏။ ထပ်တူထပ်မျှ ရကြပါစေ ..ဟူပြီး အမျှတန်းများ ပေးဝေ မေတတ္တာများလည်း ပို့ပေးကြစေချင်သည်။
ဖြစ်ပါ့မလားဟု သံသယ မရှိကြပါနှင့်။ ဖော်ပြပါနည်းအတိုင်း တသွေမတိုင်းဆောင်ရွက်ပါက ဖြစ်ပါလိမ့်မည်။ ဆောင်ရွက်သူ၏ သီလ၊ သမာဓိကိုလိုက်ပြီး အနည်းငယ်တော့ ကွာခြားမှု ရှိနိုင်ပါသည်။ ယင်းပညာနှင့် ယင်းဂါထာကို ရဖို့ မိမိအနေဖြင့်ရှာဖွေလာရာ ၄နှစ် ၅နှစ်လောက် ကြာမှ ရရှိခဲ့ခြင်းဖြစ်ပါသည်။