သင်္ကြန်အတက်နေ့ နေ့လည် (2)နာရီခန့်တွင် အမရပူရမြို့နယ် တောင်သမန်တွင် သမိုင်းဝင် ဦးပိန်တံတား၏ အခန်းနှစ်ခန်း ပြိုကျခဲ့ကြောင်းသိရသည်။ တံတားမှာ အောက်ခြေ သစ်သားတိုင်ကျိုးကျခြင်းဖြစ်ပြီး လူများများဝိတ်ဒဏ်ကို မခံနိုင်သဖြင့် ပြိုကျနိုင်ခြင်းဖြစ်ကြောင်း လူအများက ဆိုသည်။ ပျိုကျမှုတွင် လူများပါသွားသော်လည်း အောက်ခြေတွင် ပေါင်လယ်လောက်ရှိသော ရေခံနေသဖြင့် အထိခိုက်များများ စားစားမရှိဟုဆိုသည်။ ဖြစ်ဖြစ်ခြင်း ငှက်သမားများက ရေထဲကျသူများကို ၀ိုင်းဝန်းကယ်ဆယ်ထားနိုင်သဖြင့် အသက်ဘေးမှ လွတ်မြောက်ကြသည်ဟု သတင်းရရှိခဲ့သည်။ခုအခါ တာဝန်ရှိသူများမှ ပြန်လည် ပြုပြင်မှုမျာ ပြုလုပ်နေပြီဖြစ်ကြောင်းသိခဲ့ရသည်။
မန်းသားလေး
Friday, April 18, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment